သံဖြူဇရပ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် သက်ကြီး ဘိုး/  ဘွားများအား အိမ်တိုင်ရာရောက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

သံဖြူဇရပ် အောက်တိုဘာ ၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၂ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနား တွင်ပေးအပ်ချီး​ မြှင့်သည့် ဂုဏ်ပြုငွေများကို သံဖြူဇရပ်မြို့နယ်အတွင်း ရှိသက်ကြီးဘိုး/ ဘွားများအား ဂါဝရပြုပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဂုဏ်ပြုပေးအပ်ငွေများကို မွန်ပြည် နယ်လူမှုဝန်ထမ်းဦးစီးဌာနမှတဆင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး/စာရေးဝန်ထမ်းတို့ပူးပေါင်းပြီး သံဖြူဇရပ်မြို့နယ်အတွင်းရှိ အသက်အကြီးဆုံး အောင်ဇေယျ ရပ်ကွက်အဘိုး ဆရာတော်ဦးဝိမလ(၁၀၁)နှစ်နှင့် ကြံခိုင်ရေးရပ်ကွက်မှအဖွား ဒေါ်ဝင်း(၁၀၁)နှစ်(၁)ဦးစီနှင့် သံဖြူဇရပ် ဘိုး/ဘွားရိပ်မှ ဘိုး/ ဘွား(၁၀)ဦးတိုးအား တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့် ဘိုး/ဘွား(၁၂)ဦးကို စုစု ပေါင်းငွေကျပ် (၆၀၀၀၀၀) အိမ်တိုင်ရာ ရောက် ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

  အေးအေးသီ(ပြန်/ဆက်)