ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ဒေသမျိုးဖြစ်သည့် ထောပတ်သီးစျေးကောင်းရရှိနေ

ပင်းတယ အောက်တိုဘာ ၄

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အမြင့် ၃၈၈၀ ပေ ရှိပြီး၊ စိုက်ပျိုးရေးကို အဓိကထားအသက်မွေးဝမ်းကျောင်းပြုကြ၍ အေးချမ်းသာယာသည့် တောင်ပေါ်ဒေသဖြစ်သည်။ ဓနုလူမျိုးအများစု နေထိုင်ကြပြီး၊ ပအိုဝ်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ မွန်နှင့်ဗမာ စသည်တို့ နေထိုင်ကြပြီး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းစေတီ၊ တန်ခိုးကြီးဘုရားများဖြင့် ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များ အထူးစိတ်ဝင်တစားလာရောက် လည်ပတ်လေ့ရှိရာမြို့ဖြစ်သည်။

ပင်းတယမြို့နယ်တွင် ယခုလက်ရှိ ဒေသမျိုးဖြစ်သည့်ထောပတ်သီးများ အရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် လက်လီစျေး ကျပ် (၃၀၀) မှ ကျပ် (၄၅၀)ခန့်၊ လက်ကားစျေးအလုံးရေ( ၁၀၀ )မှ (၁၁၀)ပါဝင်သည့် ထောပတ်အိပ် တစ်အိပ်လျှင် ကျပ် (၂၅၀၀၀) မှ (၃၀၀၀၀)ရရှိကြောင်း၊ ပင်းတယမှတစ်ဆင့် အောင်ပန်းမြို့ပွဲရုံသို့ တင်ပို့ရောင်းချကြောင်း ထောပတ်သီး စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)