ကာလိ အောက်တိုဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲ အချိန်ခန့်က စာရေးဆရာဖေမြင့် ရေးသားထားသော နှလုံးသားအာဟာရ ရသစာများ (တတိယအတွဲ) စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြား ပြီး အဆိုပါစာအုပ်တွင် ပါဝင်သည့် အခန်း(၁) အမေ၊ အခန်း(၂) ဒုက္ခိတဘဝကို လက်မခံတဲ့ကောင်လေး ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club ,Women Club အသင်းအဖွဲ့မှ ဦးရဲမင်းဟိန်း က အခန်း(၃) အဖေနဲ့ကျွန်တော် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်မာအောင် က အခန်း(၇) ခွင့်လွှတ်ခြင်း သင်ခန်းစာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းမီးငယ် က အခန်း(၁၃) မေတ္တာသင်္ကေတလေးတစ်ခု ခေါင်းဖြင့်လည်းကောင်း၊ ဦးစိုင်းငွေလေး က အခန်း(၁၃)မေတ္တာငတ်မွတ်လို့ သေဆုံးနေရသူတွေ ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)