လွိုင်လင်၊ ပင်လုံရှိ စက်သုံးဆီအရောင်းဆိုင်များအားစစ်ဆေး

လွိုင်လင် အောက်တိုဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း လွိုင်လင်၊ ပင်လုံမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များက အောက်တိုဘာလ ၄ ရက်၊ နံနက်(၁၀)နာရီက ရှောင်တစ်ခင် စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့ ရှောင်တစ်ခင် ကွင်းဆင်းစစ်ဆေးရာတွင် ဆီချိန်တွယ်မှုမှန်ကန်စေရေး၊ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/မရှိတို့စစ်ဆေးကြသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ နှင့်သက်ဆိုင်ရာဌာဆိုင်ရာများ ပူးပေါင်းအဖြင့် ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)