နမ့်ဆန် အောက်တိုဘာလ ၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်း အချိန်က မြို့လယ်ရပ်ကွက်နှင့် မီးသတ်ဦးစီးဌာနသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ ကိုယ်တိုင်မလာနိုင်သည့် စာပေကို ချစ်မြတ်နိုးသူ မိဘပြည်သူများ စာပေကို လေ့လာဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ယခင်ဌားရမ်းပေးထားသော စာအုပ်များ ပြန်လည်သိမ်းဆည်းပြီး စာဖတ်သူအကြိုက်တွေ့စေမည့် စာအုပ်စာစောင်အသစ်များဖြစ်သော သုတ/ရသစာအုပ်များ မဂ္ဂဇင်း၊ ရုပ်ပြများကို ပြန်လည်ငှားရမ်းပေးခဲ့သည်။ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို နမ့်ဆန်ဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)