မရမ်းကုန်းမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း(၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ

မရမ်းကုန်း  အောက်တိုဘာ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်စခန်း (ဘုရင့်နောင်)ရုံးမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်စခန်း (ဘုရင့်နောင်) ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနား၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဗိုလ်မှူးဟန်ထွန်းဇော် က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းမှ  စာတွေ့နှင့် လက်တွေ့ပညာရပ်အား ()ပတ်ကြာ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ မြို့နယ်ရပ်ကွက်များတွင် မကြာခဏကြုံတွေ့ရသော မီးဘေးအန္တရာယ်နှင့် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးများ၊ဘေးအန္တရာယ်အမျိုးမျိုးများ ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့်  မီးငြှိမ်းသတ်ရေး ပညာရပ်များ၊  လက်နက်မဲ့ အခြေခံစစ်ရေးပြသင်တန်း၊ အသက်ကယ်ဆယ်ရေးပညာရပ်များ၊ လတ်တလော မီးဘေး အန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ယခုသင်တန်းအား  မြို့နယ်အတွင်းရှိရပ်ကွက်တို့မှ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြတာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား (၅၀)အတွက် တူညီဝတ်စုံ (၅၀)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်သူစိုး က  အရန်မီးသတ်တပ်ဖွဲ့ဝင်များသို့ ပေးအပ်ခဲ့ပြီး အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)