ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများ၌ Mask Campaign အသိပညာပေးဆောင်ရွက်

ကျောက်ဖြူ အောက်တိုဘာ ၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဝင်များ လိုက်ပါလျက် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့သွားရောက်ပြီး Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး တင်အောင်ကျော် ဦးဆောင်၍  မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဝင်များနှင့် ပူးပေါင်းအဖွဲ့သည် အခြေခံပညာအလယ်တန်းကျောင်း (ငလပွေ့)၊ အခြေခံပညာအလယ်တန်းကျောင်း (ကုလားဘာတောင်)နှင့် အခြေခံပညာမူလတန်း(လွန်) (စေတီတောင်)ကျောင်းများသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား  ပါးစပ်နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းသုံးကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ၎င်းပူးပေါင်းအဖွဲ့သည် ကျောင်းတစ်ကျောင်းလျှင် ပါးစပ်နှာခေါင်းစည်း (Mask)အခု (၅၀၀)ပါ အထုပ်(၅)ထုပ်နှုန်းဖြင့် (၁၅)ထုပ်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)