ပုသိမ်ကြီး အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre (ပံသုကျီ) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက သီတင်းကျွတ် လပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့အား မြန်မာတစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သူများသည် အဘိဓမ္မာအခါတော်နေ့ဟူ၍လည်း ခေါ်ဆိုကြသလို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူ၍ အဘိဓမ္မာတရားတော်ကို ဟောကြားပြီး၊ လူ့ပြည်သို့ ပြန်လည် ဆင်းသက်ကြွချီတော်မူရာမင်းနှင့်တကွ လူပရိသတ်အပေါင်းတို့က ဆီမီးနံ့သာများဖြင့် ထွန်းညှိပူဇော်ကြိုဆိုကြသည်။ သီတင်းကျွတ်လ၌ မိဘ၊ ဆရာသမားများအား ပူဇော်ကန်တော့ကြခြင်းသည်လည်း မြန်မာတို့၏ ရိုးရာအဆင်အလာ တစ်ခုပင်ဖြစ်ကြောင်း စသည်တို့အား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Talk Show ဆွေးနွေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာ လှမြင့် (မန်းတက္ကသိုလ်)တို့က သီတင်းကျွတ်လပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)