တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်တွင် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့်‌ ရောင်းချပေး

တောင်ဥက္ကလာပ အောက်တိုဘာ   ၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်သူများအခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်  ယနေ့နံနက်(၈:၃၀)အချိန်မှစ၍ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေမှူးရုံးတွင် အခြေခံစားသောက်ကုန်များအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့သို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀/-ကျပ်၊ စားဆီတစ်ပိဿာလျှင် ၄၇၅၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချမှုတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ လူမှုကူညီ‌ရေးအသင်းအဖွဲ့များ၊ အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

စိုး၀ဏ္ဏထွန်း(ပြန်/ဆက်)