အမရပူရ အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ မန္တလေးမြတ်စွယ်တော်စေတီတော်ကြီး၏ ၂၄ကြိမ်မြောက်၊ ဆီးမီး၉၀၀၀ပူဇော်ပွဲ၊ ဝတ်ရွတ်ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးလောင်လှူပွဲ အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီအချိန်က အဆိုပါစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပွဲတော်ကျင်းပရေးကော်မတီနာယက အမရပူရ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ကျင်းပရေးကော်မတီဥက္ကဋ္ဌ အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းနှင့် ဂေါပကဥက္ကဋ္ဌတို့မှ အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက်ဦးစီးကော်မတီ၊ ဆပ်ကော်မတီများကမိမိတို့လုပ် ဆောင်ရမည့် အချက်များကိုရှင်းလင်း တင်ပြကြသည်။ ယင်းနောက် တက်ရောက်လာသောကော်မတီ၊ ဆပ်ကော်မတီများက မရှင်းလင်း သည့်အချက်များကို မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်ပြီး နာယကကြီး များကလိုအပ်သည် များကိုမှာကြားပြီး ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းကနိဂုံးချုပ်စကား ပြောကြားသည်။ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုပြီး အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)