မြောက်ဥက္ကလာပ အောက်တိုဘာ ၃
၂၀၂၂ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်ပြိုင်ပွဲဝင် ဆုရရှိသူများ၊ နည်းပြများ၊ ဂုဏ်ထူးဆောင်သွေးအလှူရှင်များထပ်ဆင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁:၀၀ အချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးမြသန်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဆုရရှိသူအသီးသီးအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်မှ ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ အလှူငွေများ လှူဒါန်းခဲ့ကြောင်းသိရသည်။
အခမ်းအနားကို ရန်ကုန်တိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီဒုဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန်တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့ တိုင်းဒေသကြီးတပ်ဖွဲ့မှူးဦးထိန်လင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးနေဆန်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ခရိုင်တပ်ဖွဲ့မှူးဦးခင်သန်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိင်္ဂီပြည့်ဖြိုး (ပြန်/ဆက်)