မက်မန်း အောက်တိုဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ခွေးရူးရောဂါကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ခွေးရူးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းအစည်းအဝေးကို ယနေ့နံနက်(၁၁)က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်းက ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး အချိန်မီရောက်ရှိနိုင်ရေး၊ ကာကွယ်ဆေးရောက်ရှိလာပါက ဒေသတွင်းရှိ အိမ်မွေးခွေးများသို့ ထိုးနှံမည့်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာမောင်ဝင်းနှင့် ဝန်ထမ်းများက ဒေသတွင်း ခွေးရူးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)