မိုင်းရယ်မြို့တွင် ပြည်သူများ သက်သာချောင်ချိရေးအတွက် အသားငါးနှင့်ဟင်းသီးဟင်းရွက်များ ချိုသာသောနှုန်းထားဖြင့် ရောင်းချပေး

မိုင်းရယ် အောက်တိုဘာ ၃

လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် ပြည်သူများသက်သာချောင်ချိရေးအတွက် ယာယီစစ်ဗျူဟာမှူးဦးစီး၍ အမှတ်(၃၅၀) အမြောက်တပ်ရင်းမှ အရာရှိ၊ စစ်သည်များက အသားငါးနှင့် ဟင်းသီးဟင်းရွက်များအား ချိုသာသောနှုန်းထားဖြင့် ရောင်းချပေး သက်သာချောင်ချိရေး အရောင်းဆိုင်အား ယနေ့နံနက် ၇ နာရီက မိုင်းရယ်မြို့မ ဈေးကြီးရှေ့တွင် ရောင်းချပေးခဲ့သည်။

အဆိုပါ ရောင်းချနေမှုများတွင် ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ချိုသာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိသည်။  ပြည်သူများသက်သာချောင်ချိရေးအတွက် အသားငါးနှင့် ဟင်းသီးဟင်းရွက်များအား အပတ်စဉ် တနင်္လာနေ့တိုင်း မိုင်းရယ်မြို့မဈေးကြီးရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)