ဝမ်းတွင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဝမ်းတွင်း အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်း (မေခလာ) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ သင်တန်းအဖွင့်မိန့်ခွန်းအား ပြောကြားခဲ့ ပြီးမြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်းများ ဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချမည်သင်ခန်းစာ ဘာသာရပ်ဆိုင်ရာ များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးမှ အရန် မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသို့ တက်ရောက်ကြမည့် အရန်မီးသတ် တပ်ဖွဲ့ဝင် (၅၀) ဦးအား တူညီဝတ်စုံများပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူး သက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်-၂ ဦးမြဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃) ဦး စိုးမင်း၊ အတွင်းရေးမှူး ယာယီရဲမှူး ဝင်းကျော်သူ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

ဌေးလှိုင်(ဝမ်းတွင်း)