ကွတ်ခိုင် အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကမ္ဘာ့အိုဇုန်းလွှာနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းအား ဆွေးနွေးပြောကြားပြီး စာရေးဆရာဇာဏီဟိန်း(သီပေါ)က လူနှင့်သတ္တဝါများ ရာသီဥတုပေါ်မူတည်ပြီး နေထိုင်ကြရာတွင်ပူခြင်း၊ အေးခြင်း၊ ဆီးနှင်းကျခြင်း၊ မိုးရွာခြင်းစတဲ့ ရာသီဥတုအခြေအနေများကို မလွှဲမသွေနေထိုင်ကြရတာဖြစ်ကြောင်း၊ အိုဇုန်းလွှာကမ္ဘာမြေပြင်ထက်(၆)မိုင်မှ (၃၁)မိုင် အတွင်းမှာ ဖြစ်ပေါ်နေပါကြောင်း၊ သဘာဝအိုဇုန်းလွှာဟာနေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကမ္ဘာမြေပေါ် မကျရောက်စေဖို့ ၉၅%မှ၉၉%အထိ ကာကွယ်ပေးထားပါကြောင်း၊ သိပ္ပံပညာ ထွန်းကားလာတာနဲ့အညီ ပေါ်ပေါက်လာတဲ့ စက်မှုလုပ်ငန်းများကြောင့် လေထုထဲ၎င်းဓာတ်တွေစုဝေးပြီး အိုဇုန်းလွှာဟာ၁၉၈၅ခုနှစ်ကစ၍ တစ်စတစ် စပေါက်ပြဲလာကာ ၂၀၀၆ ခုနှစ်အတွင်း အိုဇုန်လွှာပေါက်ပြဲမှုဆိုးရွားလာကြောင်း၊ သက်ရှိတွေက ကမ္ဘာ့အိုဇုန်းလွှာ ပေါက်ပြဲမှုမရှိအောင် ထိန်းသိမ်းကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်ရုံးအနေဖြင့် Online မှတဆင့် ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ (Talk Show) အသိပညာပေး ဆွေးနွေးပွဲစသည်များကို ပြည်သူများသို့ ဆွေးနွေးမှုအား လွင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)