ငါန်းဇွန် အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်စခန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်း (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က) က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ အဖွဲ့ဝင် ဗိုလ်မှူး အောင်ကျော်စံနှင့် ဦးစီးအရာရှိ ဦးလှသိန်း (လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန) တို့က သင်တန်းသားများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက် (၂၀) ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)