မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း‌နှင့်စာအုပ်၊ စာ‌စောင်ပြပွဲပြုလုပ်

မိုင်းတုံ အောက်တိုဘာ  ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ ဦးဖြိုးကြွယ်မြင့်၏  " သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန်များ ဖြစ်စေရန်လမ်းညွှန်" စာအုပ်ကို ယနေ့၁၀:၁၅ အချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်း‌ ဆွေးနွေးပွဲတွင်  မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင် က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းဝင် မောင်‌စွမ်းကောင်းခန့်က ဦးဆောင်၍စာရေးဆရာ ဦးဖြိုးကြွယ်မြင့်၏  " သားသမီးငယ်တို့ လူရည်ချွန် လူရည်မွန်များ ဖြစ်စေရန်လမ်းညွှန်" စာအုပ်နှင့် ပတ်သက်၍ ဦး‌ဆောင်ဆွေးနွေးခဲ့ပြီး‌နောက် စာအုပ်စာစောင်၊ နံရံကပ်ဓာတ်ပုံပြပွဲများ ပြသ‌ပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)