မိုင်းခုတ် အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု အတွင်းရှိ ဝမ်ပျက်-ဝမ်အင် ကျေးရွာချင်းဆက်လမ်း(၃/၃)မိုင်တွင် (၁/၀)မိုင်ကျောက်ချောလမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ဝမ်ပျက်-ဝမ်အင်ကျေးရွာချင်းဆက်ကျောက်ချောလမ်းအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၇၀ ဒဿမ ၇၁၃)သန်းဖြင့် မင်းမြန်မာထွန်းကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင် းသားလူမျိုးများဖွံ့ဖြိုးရေးဉီးစီးဌာန၊ မိုင်းဆတ်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးမိုးကျော်သူဉီးဆောင်သော အဖွဲ့ဝင်များက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)