မြစ်သား စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများမှ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၁) နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် လူမှုဝန်ထမ်းဦးစီးဌာန ရန်ပုံငွေမှ မသန်စွမ်းသူ များအား ကိုဗစ်-၁၉ ကာလအတွင်း တစ်ဦးလျှင် ကျပ်(၃၀၀၀၀)နှုန်းဖြင့် မြစ်သားမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၉၂)အုပ်စုမှ မသန်စွမ်းသူ(၇၆၈)ဦးအတွက် စုစုပေါင်းငွေ ကျပ်(၂၃၀,၄၀၀၀၀) ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို.လာရောက် ထုတ်ယူခဲ့ကြပြီး အဆိုပါ ထောက်ပံ့ ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများမှ မသန်စွမ်းသူများ၏ နေအိမ်များသို သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)