နွားထိုးကြီး၊ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေသခံပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်အား ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်သူလူထုများထံသို့ အသိပညာပေးထုတ်ပြန်ချက်များ၊ သင်ဒါတွေသိပြီးပြီလား၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းများနှင့် အဖြေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးထုတ်ပြန်ချက်များ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးစနစ်တကျ လက်ဆေးပေးပညာပေးပိုစတာများ၊ မိမိကစ၍ကာကွယ်ပါ ပညာပေးပိုစတာများ၊ အနုပညာရှင်များ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးစကားသံများ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)