ဘူးသီးတောင် အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့မရဲစခန်း၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန ်မြို့မရဲစခန်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ကျော်ကျော်က (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် VideoClip ဖြင့် ပြသခဲ့သည်။ အခမ်းအနားသို့ ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်ကျော်ကျော်နှင့် ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ရဲမှုထမ်းဟောင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)