ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက ကျိုင်းတုံဘိုးဘွားရိပ်သာတွင် ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ခရိုင်လှုမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ  ဒေါ်ကြည်ကြည်ခိုင်နှင့် အဖွဲ့ဝင်များက ဘိုးဘွားများအား ကန်တော့ငွေနှင့် ကန်တော့ ပစ္စည်းများဖြင့် ပူဇော်ကန်တော့ရာ ဘိုးဘွားများ၏ကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာ ပြန်လည်ပို့သသည်။

ထို့နောက် ကျိုင်းတုံခရိုင်/မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ကျိုင်းတုံမြို့ (၂၅)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများက ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)