ချောင်းဆုံ အောက်တိုဘာ ၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများမျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးပြီး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးကြစေရန်၊ နေကြာသီးနှံ တစ်ဧကအထွက်နှုန်း မြင့်မားလာစေရန်အတွက် တောင်သူနည်းပညာပေး သင် တန်းကို ယမန်နေ့နံနက် (၉) နာရီက တောင်စွန်းကျေးရွာ ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့သည်။
သင်တန်းတွင် ချောင်းဆုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး၊ ဦးကျော်လွင်က သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် ဝန်ထမ်း (၂) ဦးမှ နေကြာသီးနှံ စိုက်ပျိုးရာတွင် ကြိုတင်သတိထားရမည့် အချက်များ၊ မြေသြဇာ စနစ် တကျသုံးစွဲခြင်းနှင့် သဘာဝမြေသြဇာ သုံးစွဲခြင်း အကျိုးကျေးဇူးများ ပိုမွှားအန္တရာယ် ကာကွယ်ရေး ပိုးသတ်ဆေး စနစ်တကျ သုံးစွဲနည်းများ စသည်တို့ကို ကဏ္ဍအလိုက် သင်ကြား ပို့ချခဲ့ပြီး သင်တန်း သား/သူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)