ခိုလမ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အတွင်းရှိ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား ကိုဗစ် − ၁၉ ကူးစက်ရောဂါ မဖြစ်ပေါ်စေရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ /မရှိ စစ်ဆေးခြင်းနှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ ယနေ့ နံနက် (၁၀) နာရီခွဲအချိန်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ခွဲစည်ပင်သာယာရေး ဌာနမှတာ၀န်ခံ ဦးလူထွန်း ဦးဆောင်သော အဖွဲ့မှ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များတွင်လက်ဆေး ဘေစင်နှင့် လက်သန့်ဆေးရည်များ ထားရှိခြင်း ရှိ/ မရှိ၊ ဆိုင်ပိုင်ရှင်များ (Mask) တပ်ဆင်ရေးနှင့် စားသုံးသူ များအား တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာ အဝေးများ ထားရှိခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်မှုများ မရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးဝင်း( ပြန် / ဆက် )