ညောင်ဦး အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်၌ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမ ကြီးဘေး၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ နဘူးတောကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအဆောက်အအုံတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဩကာသကန်တော့ချိုးဖြင့် ပင့်သံဃာတော်များအားရှင်ခိုးဦးခိုက်ပြီး ညောင်ဦးမြို့နယ် ရွှေမင်းဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလက ခရိုင်စားသုံးသူရေး ရာဦးစီးဌာန၊ ရုံးသစ်ဖွင့် တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များအား ငါးပါးသီလခံယူ ဆောက်တည်စေ၍ သီလပေးတရားနားယူဆောက်တည်ကြသည်။ ပြီးနောက် စားသုံးသူရေးရာ ဦးစီးဌာန၊ ဦးခင်မောင်လှိုင် (ဒုတိယညွှန်ကြားရေးမှူးချုပ်) နှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ဦးသန်းစိုး (ခရိုင်ဦးစီးမှူး) တို့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကြပြီး၊ ရေစက်သွန်ချ အမျှအတန်း ပေးဝေကြကာ ပရိတ်တရားတော်နာယူကြသည်။ ဆက်လက်၍ ဦးခင်မောင်လှိုင် (ဒုတိယညွှန်ကြားရေးမှူးချုပ်) နှင့် ခရိုင်အဆင့်တာဝန်ရှိသူများမှ ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးသစ်ဖွင့်ပွဲသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးခင်မောင်လှိုင် (ဒုတိယညွှန်ကြား ရေးမှူးချုပ်)၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင် /မြို့နယ် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကြေးမုံ