ရွှေပြည်သာ အောက်တိုဘာ ၁
ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစွာ နေထိုင်နိုင်စေရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်နှင့် (၁၁ )ရပ်ကွက်တို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက အသက် (၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ဘိုးဘွားများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးခဲ့သည်။
ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်(၂၃)ခုနှင့် ကျေးရွာ(၄)ရွာစုစုပေါင်း လူမှုရေးပင်စင် ထောက်ပံ့ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၈၂၂)ဦးတို့အား တစ်ဦးလျှင် ကျပ် ( ၃၀,၀၀၀ ) နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂,၄၆၆၀,၀၀၀)ကိုသက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းမှစတင်၍ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃) လပတ်အတွင်း ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက် (၂၃)ခုနှင့်ကျေးရွာ(၄)ရွာ အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့် အထက်အဘိုး၊ အဘွားစုစုပေါင်း (၈၂၂) ဦးရှိကြောင်း နှင့်ရပ်ကွက်၊ ကျေးရွာများအလိုက် တာဝန်ရှိသူများက လူမှုရေးပင်စင်များကို အဘိုး၊ အဘွားများ လက်ဝယ်အရောက်သွား ရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)