ရွှေပြည်သာမြို့နယ် အ‌ခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်

ရွှေပြည်သာ  အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာရေးလုပ်ငန်းများဖြစ်သော ရေစီးရေလာ ကောင်းမွန်စေရန်မြောင်းများတူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်းခြင်နှင့် ပိုးလောက်လမ်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် အမှတ် (၁) ခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးသွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်းဆေးမှုတ်ခြင်းများကို ရွှေပြည်သာမြို့အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းနှင ခြင်ဆေးမှုတ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး အပတ်စဉ်အခြေခံပညာကျောင်းများအား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)