မံစီ အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အခြေခံပညာအထက်တန်းကျောင်း ဖုန်ကန်ဒူဝါခန်း၌ အောက်တို ဘာ ၁ ရက် နံနက် ၁၀ နာရီက မြို့နယ်ပညာရေးဝန်ထမ်းများနှင့် မြို့နယ်သမ ဝါယမဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၀-၂၀၂၁/၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် သမဝါယမအသင်းလီမိတက် (GEC )၏ နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးသန်းတို့က အဖွင့်အမှာစကားပြောကြားကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အမှုဆောင် အဖွဲ့ အစီရင်ခံစာကို အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင် ဦးလဆိုင်းက ရှင်းလင်းပြီး အသင်း၏ဘဏ္ဍာရေးရှင်းတမ်းများကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဌာနခွဲစာရေး ဒေါ်မွန်းပန်က ရှင်းလင်းဆွေးနွေးကာ အတည်ပြုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အသင်းသူ/အသင်းသားများနှင့် အမှုဆောင်အဖွဲ့များက အသင်း၏ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးကာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သော အသင်းသူ/အသင်းသားများ၏ သားသမီး (၁၄) ဦးအား ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းကို မြို့နယ်ပညာရေးမှူးထံမှ သိရှိရ သည်။
မြို့နယ် (ပြန်/ဆက်)