မိုင်းတုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်တွင် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သော (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အားကြို ဆိုဂုဏ်ပြုသောအနေဖြင့် မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းမြင့်ထွန်းဦးစီး၍ တပ်ဖွဲ့ဝင်များနှင့်တပ်ဖွဲ့ဝင်မိသားစုမှ ဧည့်ရိပ်သာတွင် အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ပြီး နောက်(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက် ၉ နာရီတွင် ခရိုင်ရဲစခန်းရှိ အစည်းဝေးခန်းမ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ရဲချုပ်မှ ပေးပို့သော သဝဏ်လွှာအား မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းမြင့်ထွန်းက ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူးက တပ်ဖွဲ့ဝင် (၅၆) ဦးအား ပစ္စည်းများ မဲဖောက်ပေးခဲ့ပြီး အခမ်းအနားကို နံနက် ၁ဝး၃၀ တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)