တန့်ယန်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ( INTERNATIONAL DAY OF OLDER PERSONS) အထိမ်းမှတ် “သက်ကြီးအမျိုးသမီးများရဲ့စွမ်းပကား ဒို့များအလေးထား” ဆောင်ပုဒ်ဖြင့် သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းသီတာညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေဇင်အောင်နှင့် အဖွဲ့ဝင်များ တက်ရောက်၍ မြို့မရပ်ကွက်အသီးသီးမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုး/အဘွား (၅၀)ဦးတို့အား ကန်တော့ငွေ၊ ကန်တော့ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြရာ အဘိုး/ အဘွားများ၏ ကိုယ်စား အမှတ်(၃)ရပ်ကွက်မှ ဦးလှကြည်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်းသိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)