မိုင်းရှူးမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ (International Day of Persons 2022) အထိမ်းအမှတ် သက်ကြီးဘိုး၊ ဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားပြုလုပ်

မိုင်းရှူး   အောက်တိုဘာ  

ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲလင်းထွဋ်တို့ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ (International Day of Persons 2022) အထိမ်းအမှတ်အဖြစ် သက်ကြီး ဘိုး၊ ဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်း သက်ကြီးဘိုး၊ ဘွားပူဇော်ကန်တော့ပွဲကို (၁၁) မီးငြိမ်း‌အေးစေခြင်း၊ ဘေးရန်အန္တရာယ် အနာရောဂါ မကောင်းမှုအစုစုတို့ကို ကင်ဝေးစေခြင်းနှင့် ကိုယ်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝစေခြင်းအကျိုးငှာ သက်ကြီးဘိုး၊ဘွားများ ပူဇော်ကန်တော့ရခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့်အဖွဲ့ဝင်များက မြို့‌ပေါ်(၄)ရပ်ကွက်ရှိ အသက် (၈၇) နှစ်အထက် အဘိုး၊ အဘွား (၁၁) ဦးတို့အား တစ်ဦးလျှင် ပူဇော်ကန်တော့ငွေ (၂၆၀၀၀) ကျပ်နှင့် Mask တစ်ဘူးအသီးအသီး ပူ‌ဇော်ကန်တော့ခဲ့ကြပြီး အဘိုး၊ အဘွားများမှ ဆုတောင်းမေတ္တာပြန်လည်ပို့သ ပေးခဲ့ကြသည်။

အဆိုပါ သက်ကြီးဘိုး၊ ဘွား ပူဇော်ကန်တော့ပွဲကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီး‌ရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောင့်ရေးအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြ ကြောင်း သိရသည်။

သန်းလူ (ပြန်/ဆက်)