ရွာငံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရွာငံ  အောက်တိုဘာ   ၁

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့  အထိမ်းအမှတ်အခမ်းအနားကို  အောက်တိုဘာ(၁)ရက်၊ နံနက် (၁၀)နာရီက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင်  (၁) ဗိုလ်မှူးကျော်ကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ကြွရောက်လာကြသော ဧည့်သည်များက  ဘိုးဘွားများအား ကန်တော့ခဲ့ကြပြီး  ဘိုးဘွားများမှ မေတ္တာပို့ဆုများ ပေးခဲ့ကြသည်။ ထို့နောက် ဈေးတန်း၊ ရွာမ၊ မြို့ကုန်း၊ ကွက်သစ်၊ အင်းကုန်း/ငါးဆူ  စသည့်ကြွရောက်လာကြသော ဘိုးဘွားမျာကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အာဟာရစား သောက်ဖွယ်ရာများနှင့်ဝတ္ထုငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွာငံ(ပြန်/ဆက်)