၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီ နေကြာ(ဆီထွက်) သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မင်္ဂလာဒုံ အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊  မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်(၉)နာရီအချိန်က ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီနေကြာ(ဆီထွက်)သီးနှံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် နည်းပြဆရာများအဖြစ် မြို့နယ်ဦးစီးမှူး ဦးမြင့်ဆွေနှင့် ဒုတိယမြို့နယ် ဦးစီးမှူးများဖြစ်ကြသည့် ဒေါ်အေးနိုင်နှင့် ဒေါ်မြင့်မြင့်တင်တို့မှ သင်ကြားပို့ချပေးခဲ့ကြပြီး သင်တန်းသို့ နေကြာစိုက်ပျိုးမည့် တောင်သူ(၁၂)ဦးနှင့် စိုက်ပျိုးရေးစိတ်ပါဝင်စားသည့် ဝန်ထမ်း(၈)ဦး၊ စုစုပေါင်း သင်တန်းသား(၂၀)ဦးတို့ တတ်ရောက်သင်ကြားခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)