မိုင်းယုမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

မိုင်းယု အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန်းကောင်ကျောက်က အသက် (၈၅) နှစ်အထက်ရှိ ဘိုးဘွားများနှင့် ဦးဆောင်မိတ်ဆက်ပေးပြီး မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး က ဂါရဝပြုအမှာစကား ပြောကြားခြင်းနှင့်အတူ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့များနှင့် စေတနာရှင်အလှူရှင်များက ဘိုးဘွားများကို စုပေါင်းကန်တော့ကြပြီး တစ်ဦးလျှင် ကျပ် ၂၀၀၀၀ နှုန်းစီဖြင့် ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ရာ  ဘိုးဘွားတို့မှ  ကန်တော့အကျိုးအတွက် ဆုမွန်ကောင်းများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်