ပေါက်တော အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပေါက်တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ကျော်က (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် ပေါက်တောမြို့နယ်ရဲတပ်ဖွဲ့မှ ထူးချွန်ရဲတပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက အမှုထမ်းကောင်းလက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်ပေးခြင်း၊ ရဲမှုထမ်းဟောင်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ဖြင့်ပြသခဲ့သည်။ အခမ်းအနားသို့ ပေါက်တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်နှင့် ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ ရဲမှုထမ်းဟောင်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)