ဇမ္ဗူသီရိမြို့နယ်၌ “အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်" Talk Show ဆောင်ရွက်

ဇမ္ဗူသီရိ အောက်တိုဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေပိုင်းကအပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်" Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့က သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများဘဝမြှင့်တင်နိုင်ရေး စောင့်ရှောက်ပေးနေမှု အခြေအနေများနှင့် မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုများ အခြေအနေများစသည့် အကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Zabuthiri Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

မြို့နယ် (ပြန်/ဆက်)