ဒလ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်ရည်ရွယ်၍ ကလိုရင်းပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက် (၉:၃၀)နာရီ အချိန်က ဒလမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ ချောင်းပတ်လမ်းရှိ အမှတ်(၅) အခြေခံပညာမူလတန်း ကျောင်းတွင် တာဝန်ရှိသူများ၏ ဉီးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနနှင့် မြို့နယ်မီးသတ်ဉီးစီးဌာန တို့ပူပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး နည်းလမ်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဇော်