လားရှိုး အောက်တိုဘာ ၁
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး)ရှိ ရဲရန်အောင်ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ရဲချုပ်မှ ပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး) ရဲမှူးကြီး အောင်မြင့်နိုင် က ဖတ်ကြား သည်။
ယင်းနောက် မှုခင်းဖော်ထုတ်ဖမ်းဆီးရာတွင် ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့ဝင် များအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော် ကလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူခင်းကျဆင်းရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) မှ ရဲမှူးကြီးအောင်မြင့်နိုင် ကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ပြသခဲ့ကြောင်း သိရသည်။
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ဒုတိယပိုင်းကို နံနက် (၁၁)နာရီအချိန်တွင် ဆက်လက်ကျင်းပရာ နေအိမ်လိုင်းခန်း သန့်ရှင်းရေးဆုရရှိသူ တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်းများ၊ မှုခင်းဖော်ထုတ်ဖမ်းဆီးရာတွင် ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် တပ်ဖွဲ့ဝင်များ၊ သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်ဖွဲ့ဝင်များကို တာဝန်ရှိသူအသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)