ဒဂုံမြောက် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များအား အာဟာရအလှူတော်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးခန်းမတွင် ကျင်းပသည်။
အဆိုပါ အာဟာရဒါနပေးအပ်လှူဒါန်းရာ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေသော ကြက်ခြေနီတပ်ဖွဲ့ဝင် (၅၀)ဦးအတွက် အလှူရှင်ဦးခင်မောင်လင်းနှင့် ဒေါ်ခင်ချိုအေး မိသားစုမှ ဆန်၊ ဆီ၊ ကြက်ဉအာဟာရဒါနများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းအောင်မိုး က လက်ခံရယူပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန်၊ ဆီ၊ ကြက်ဉအာဟာရဒါန ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးသန်းဝင်းနှင့် ဌာနဆိုင်ရာများ၊ တိုင်းကြက်ခြေနီအသင်းခွဲ ဉက္ကဋ္ဌ ဦးထိန်လင်း၊ ခရိုင်ကြက်ခြေနီအသင်းခွဲ ဉက္ကဋ္ဌ ဦးခင်သန်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဉက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ မြို့နယ်ကြက်ခြေနီ အသင်းတပ်ဖွဲ့မှူး ဦးသန်းအောင်မိုးနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)