ကိုကိုးကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာ၀န်ထမ်းများအား ဆန်အခမဲ့ပေးဝေ

ကိုကိုးကျွန်း အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး သန်လျှင်ခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထောက်ပံ့ပေးသော ဆန်များအား ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့ နံနက်၉နာရီ၃၀မိနစ်အချိန်တွင် ကိုကိုးကျွန်းမြို့နယ် မြို့နယ်ခန်းမ၌ အခမဲ့ပေးပေးဝေခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် တာ၀န်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်တွင် စား၀တ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ၁၂နှစ်အထက် ၈ပြည်နှုန်းနှင့်၁၂နှစ်အောက် ၄ ပြည် နှုန်းတို့ကို တိုင်းအစိုးရအဖွဲ့မှ ဆန်များကို အခမဲ့ပေးဝေခဲ့ပြီး စားသုံးဆီများကိုလဲ အိမ်ထောင်စုတစ်စု လူတစ်ဉီးလျှင် ၅၀ကျပ်သားနှုန်းဖြင့် ၁ပိဿာ လျှင် ၄၇၅၀ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုကိုးကျွန်းမြို့နယ်တွင်းရှိ ဒေသခံပြည်သူများကိုလည်း ဆန်အခမဲ့နှင့် စားသုံးဆီများကို လည်း၁ပိဿာလျှင် ၄၇၅၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချေပေးနေသော နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ က္ကဋ္ဌဦးဆန်းမင်းနှင့် စီမံအဖွဲ့၀င်များ ကိုကိုးကျွန်းမြို့နယ်ရှိ ကိုဗစ်ကော်မတီ၀င်များ စစ်ကြောင်းကြီး ၅ ကြောင်းမှ သွားရောက်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် Mask များကိုလည်း အခမဲ့ပေးဝေခဲ့ ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)