သိန္နီမြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ

သိန္နီ အောက်တိုဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အ​နေဖြင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် Save The Hsenwi ကုမ္မဏီလိမိတက်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ရာတွင် သိန္နီမြို့၌ နေထိုင်လျက်ရှိသော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် (၂၃၀၀၀) နှုန်းဖြင့် (၂၀)ဦး အတွက် ငွေကျပ် (၄၆၀၀၀၀) အား စုပေါင်း၍ ပူဇော်ကန်တော့ခြင်းဖြစ်သည်။ အလှူငွေများ လက်ရောက်လှူဒါန်းအပြီးတွင် တက်ရောက်လာသော ဘိုးဘွား တစ်ဦးမှ မြို့မိမြို့ဖနှင့် ဌာနဆိုင်ရာများအား ဆုံးမဩဝါဒစကား မြွက်ကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)