မိုင်းရယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

မိုင်းရယ် အောက်တိုဘာ  

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းရယ်မြို့နယ်၊ ရဲတပ်ဖွဲ့၊ မြို့မရဲစခန်းတွင် ယနေ့နံနက် (၅) နာရီက သံဃာတော်များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းပါသည်။

ယင်းနောက် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့အတွက် ပေးပို့သော ရဲချုပ်၏ သ၀ဏ်လွှာကိုမိုင်းရယ်မြို့နယ်ရဲတပ်ဖွဲ့မှူး (ယာယီ) ရဲမှူးဇော်နိုင်က ဖတ်ကြားပါသည်။ ဆက်လက်ပြီး မိုင်းရယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေး များပေးအပ်ပြီး ရဲနေအိမ်လိုင်းခန်း သန့်ရှင်းရေးဆုရရှိသူများအား ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)