သိန္နီ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းအချိန်က အခမ်းအနားမှူးသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အိအိသိမ့် က သင်တန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ဆုရရှိခဲ့သူများကို တာဝန်ရှိ သူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား စက်တင်ဘာလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့သင်တန်းများကို ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)