ဗန်းမော် အောက်တိုဘာ ၁
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဗန်းမော်မြို့မရဲစခန်းဝန်းရှိ ရဲသီဟခန်းမ၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦးက (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဗန်းမော်ခရိုင်အတွင်းရှိ ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုပေးအပ်ခြင်းခဲ့ကြပြီး ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသခဲ့ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)