မိုင်းတုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် မိုင်းတုံခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၁၃:၂၀ အချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ခရိုင်/မြို့နယ်ရှိဌာနဆိုင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုများ စုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်လကုန်ရက်တိုင်း မိမိတို့လုပ်ငန်း ဆောင်ရွက်ချက်အပေါ် အခက်အခဲရှိ/မရှိ၊ ရှိခဲ့ပါကပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ ဌာနဆိုင်ရာတွေနဲ့တပ်နယ်ပူးပေါင်းပြီး အပတ်စဉ်စနေနေ့တိုင်း မြို့သာယာလှပရေးအတွက် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ရောဂါနဲ့ပတ်သက်ပြီး စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ဌာနအလိုက်မိမိတို့လုပ်ဆောင်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြရန် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးလှအေးက မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ အကျယ်တစ်ဝန်းရှင်းလင်းခြင်း၊ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုများမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)