ရခိုင်ပြည်နယ် မောင်တောမြို့၌ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊ နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

မောင်တော အောက်တိုဘာ ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၊ နှစ်ပတ်လည်နေ့အခမ်းအနားကို  ယနေ့နံနက် ၉ နာရီအချိန်  မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးရုံး  မေယုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မောင်တောခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကိုကိုလေးက (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် မောင်တောခရိုင်ရဲတပ်ဖွဲ့မှ ၂၀၂၂ ခုနှစ်အတွင်း မှုခင်းကိစ္စရပ်များတွင် စွမ်းစွမ်းတမံ ထူးချွန်စွာဖော်ထုတ်နိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက အမှုထမ်းကောင်းလက်မှတ်နှင့် ဂုဏ်ပြုဆုငွေ များချီးမြှင့် ပေးခဲ့ပြီး (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် Video Clip ဖြင့်ပြသခဲ့သည်။ အခမ်းအနားသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကိုကိုလေး ၊ ဒုတိယ ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊  ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊  ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။

အောင်ကျော်စိန်၊ သက်လွင်စိုး (ပြန်/ဆက်)