တောင်သာမြို့နယ်တွင် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်

တောင်သာ စက်တင်ဘာ ၃၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၈) နာရီအချိန်က တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)  အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ  (Talk Show) အား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါအကြောင်း အသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းမှ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါ အကြောင်းနှင့်ပတ်သက်၍   ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဝင်းမှ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲတွင်  တိရစ္ဆာန်အမျိုးအစားအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများ၊ ကျွဲ၊ နွားတို့တွင် ဖြစ်တတ်သည့် ဒေါင့်သန်းရောဂါ၊ ပေါင်ပုတ်လက်ပုတ်ရောဂါ၊ လည်ချောင်းကွဲရောဂါ၊ ခွာနာလျှာနာရောဂါ၊ သိုး၊ ဆိတ်တို့တွင် ဖြစ်တတ်သည့် ပလိပ်ရောဂါ၊ ဝက်ဝမ်းကျရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါ၊ ခွေးရူးရောဂါ၊ ခွေးကြောက်ရောဂါ၊ ရာသီအလိုက်ဖြစ်တတ်သည့် ကူးစက်ရောဂါများအကြောင်း    စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)