ကမာရွတ် စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီကစ၍ မြို့မဂုဏ်ကိုယ်ပိုင်အထက်တန်းကျောင်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ကမာရွတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကောင်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူးဦးမြင့်နိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသင်းသင်းနိုင်၊ လက်ထောက်ပညာရေးမှူးဦးဆန်းထွန်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များတို့ကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm ထိုးနှံပေးရာ ဆေးတစ်ပုလင်းလျှင်လူ(၅)ဦးထိုးနိုင်ပြီး ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စုစုပေါင်း(၁၅၀)ဦးအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။
စိမ်းလဲ့(ပြန်/ဆက်)