သာကေတ စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သာကေတမြို့နယ်ရှိ(၁၉)ရပ်ကွက်ရှိ ပြည်သူများအားစျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ဒုတိယအကြိမ်ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၈:၀၀)၌ ၁/အနော်မာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူ(၂၄၀)ဦးအား ဆက်လက်ရောင်းချပေးခဲ့သည်။ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးရာ၌ အိမ်ထောင်စု(၁)စုလျှင် ဆန်တစ်ပြည်လျှင်ငွေကျပ် ၁၇၀၀/-နှုန်း၊ ဆီ ၅၀ ကျပ်သားလျှင်ငွေကျပ် ၂၃၇၅/-နှုန်းနှင့် ကြက်ဥတစ်လုံးငွေကျပ် ၁၇၅/-ကျပ်နှုန်းဖြင့် ကြက်ဥ(၅)လုံး ၈၇၅/-ကျပ်တို့ကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာဝင်း၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများပူးပေါင်း၍ စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သာကေတမြို့နယ်အတွင်းရှိ စားဝတ်နေရေးအခက်အခဲရှိသည့် ရပ်ကွက်(၁၉)ရပ်ကွက်ရှိပြည်သူ များအားပထမအကြိမ်ရောင်းချပေးပြီးဖြစ်၍ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ဒုတိယအကြိမ်ထပ်မံ၍ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)