ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပုဇွန်တောင် စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ (၅၃)လမ်းတွင် အမြင်မတင့်တယ်သော အမှိုက်များစုပေါင်းရှင်းလင်းဆောင်ရွက်ခြင်း၊ အမှတ်(၂)ရပ်ကွက်၊  ၅၆  လမ်းတိုတွင် ရေနုတ်မြောင်းအတွင်းရှိ အမှိုက်များကိုစုပေါင်း၍ စနစ်တကျသန့်ရှင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါသန့်ရှင်းရေးဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်မှ အနီးကပ်ကြီးကြပ်ပြီး ပတ်သန့်လုပ်သား၊ ရေစီးရေလာဝန်ထမ်းများမှ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အမြင်မတင့်တယ်သော အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းပိတ်ဆို့နေမှုအား ဆယ်ယူရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ထွက်ရှိလာသော အမှိုက်နှင့်မြောင်းချေးများကို မော်တော်ယာဉ်ဖြင့် စနစ်တကျ သယ်ယူစွန့်ပစ်ခဲ့ကြောင်းနှင့်အလားတူမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းမကြီးများရှိ ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရန် နေ့စဉ်ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်